ရန်ကုန်လမ်းမများ

ရန်ကုန်သူ ရန်ကုန်သားများ.. “ငါတို့လမ်းတွေရေလည်မြင့်သွားပြီ”လို့ ဂုဏ်ယူစရာအကြောင်းများ ပေါ်လာပါပြီ.. တာမွေတဝိုက်ကနေအစပြုပြီး ကွန်ကရစ်လမ်းများ စတင်ခင်းနေလို့ပါ.. ကွန်ကရစ်ထုကြီးက အတော်ကိုထူပါ၏.. ပလက်ဖောင်းနှင့် လမ်းဘေးအိမ်များထက်ကို မြင့်နေပါ၏.. ရေမြောင်းစနစ်ကို ဘယ်လိုလုပ်မယ် သူတို့စိတ်ကူးလည်းမသိ.. မိုးတွင်းဆို လမ်းပေါ်ကရေတွေ အိမ်ထဲများ ဝင်ကုန်မလား.. နွေနေတအားပူလာရင်ရော ကွန်ကရစ်အပူက ကားဘီးတွေအတွက် ပြဿနာရှိနိုင်စေမလား.. ကားတွေ ပြိုင်မောင်းရင်း အရှိန်မထိန်းနိုင်လို့ ပလက်ဖောင်းပေါ် တင်တင်သွားတတ်ကြတာ.. ခုဆို တခါတည်း လမ်းဘေး အိမ်တွေထဲ ထိုးဝင်သွားမလားမသိ.. အဲ – အဲ့ဒါထားပါဦးလေ.. ခုလောလောဆယ် လမ်းခင်းနေတုန်းမှာကိုပဲ ပြဿနာတွေက တသီတတန်း..

ဒီလိုလေ.. ၂ လမ်းမောင်းကားလမ်းတွေမှာ တခြမ်းစီခြားပြီး လမ်းပိတ်ကာ ကွန်ကရစ်ခင်းနေတော့ ပထမဆုံး ပြဿနာက ကားလမ်းတွေပိတ်တာပေါ့.. တာမွေဈေးဟောင်းရှိတဲ့လမ်း.. တာမွေပလာဇာရှေ့လမ်း.. သုဝဏ္ဏအသင်းတိုက်မှတ်တိုင်လမ်းတွေမှာ မနက်ရုံးချိန် ညနေရုံးချိန်ဆို ကားကြီးတွေ ပိတ်ဆို့ပြီး စိတ်ညစ်စရာကောင်းလှပါဘိ..

ဒီမနက်ကိုပဲ အသင်းတိုက်မှာ ကြုံလာရပြီ.. လမ်းက ၃ လမ်းသွား.. အဲ့ဒါကို တစ်ခြမ်းပိတ်ပြီးကွန်ကရစ်ခင်းနေတော့ တခြမ်းလေးပဲ ကပ်သီးကပ်သပ်မောင်းရတဲ့လမ်း.. အဲ့ဒိလမ်းလယ်ကြီးမှာ ပါရမီအဓိပတိကားကြီးက စလွန်းကားလေး တစ်စီးနဲ့ တိုက်မိရော.. အဲ့ဒါကို ကားကို မရွှေ့ပေးဘူး.. ရွှေ့လိုက်ရင် အနေအထားပျက်သွားပြီး သူ့အမှားဖြစ်မှာစိုးလို့ပါတဲ့.. သူက မရွှေ့ပေးတော့ နောက်ကကားတွေက ကျော်မရ ပြုမရနဲ့ ပိတ်ကုန်ရော.. အတော်ကြီးကိုကြာတယ်.. ကားတွေ တသီတန်းနဲ့.. နောက် ကားသမားတွေက ဘယ်သူကမှတော့ မဆဲဘူး.. သူတို့ ချင်းချင်း ရိုင်းကြတာ.. ရွှေ့လိုက်ရင် လျော်ရပြုရ စကားများမှာ စိုးလို့နဲ့တူပါတယ်.. မော်တော်ပီကယ်မလာမချင်း မရွှေ့တာ နာရီဝက်လောက်ကြာတယ်..

ကားပေါ်က တချို့လူတွေက ကားပိတ်တာကြာလို့ဆိုပြီး အရှေ့နားက မှတ်တိုင်ဆီ ကားပြောင်းစီးဖို့ ဆင်းလျှောက်ကြတယ်.. သိပ်ပိန်းတာပဲလို့ သူတို့ကိုယ်သူတို့ မထင်ဘူးလား မသိဘူးနော်..

ပျက်ချင်ရာပျက်

ခရီးရောက်မဆိုက်ဘဲ စီပုံးမှာ ဦးငယ်က တဂ်ပါတယ်အော်ထားတာ မြင်မိတယ်.. ၂၀၁၂ မှာ တကယ်သာကမ္ဘာပျက်မယ် ဆိုရင်တဲ့လား..

ကမ္ဘာပျက်တယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ ရုပ်ရှင်တွေထဲမှာတော့ ခဏခဏကြည့်ဖူးပါရဲ့.. တကယ်ပဲ အဲ့ဒိပုံစံမျိုးကြီးလား.. ကမ္ဘာကြီးတစ်ခုလုံး မပျက်စီးဘူးဆိုရင်တောင် လူတွေကတော့ တစ်နေ့မဟုတ်တစ်နေ့ ပျက်စီးသွားကြတာပါပဲ.. ဒီတော့ သိပ်တော့မထူးဘူးပြောရမလား.. ဒါပေမယ့် ထိတ်လန့်ကြောက်ရွံ့နေတဲ့လူတွေကို မြင်နေရမှာတော့ ထူးမယ်ထင်တယ်..

တကယ်သာ အဲလိုတွေ အလန့်တကြားဖြစ်နေချိန်ဆို..

ဘယ်သူနဲ့မှ အတူမရှိနေချင်ဘူး.. ဘာမှကိုလည်း တွေးမကြောက်တော့ဘူး.. ဘာမှလည်း မပြင်ဆင်ဘူး.. ဝမ်းနည်းခြင်း.. ဝမ်းသာခြင်းတွေလည်း ကြိုးစားဖယ်ထုတ်ထားမယ်.. ပျက်စီးသွားမယ့် လူတွေနဲ့ ကမ္ဘာကြီးကို မမြင်ချင်တဲ့အတွက် ကိုယ့်ဘာသာပဲအချိန်တစ်ခု သတ်မှတ်ပြီး အရင်ကြိုသေထားလိုက်တော့မယ်.. အနည်းဆုံးတော့ “ငါဟာငါဖြစ်တယ်” ဆိုတဲ့ အမြဲခံယူချက်နှင့် ကိုက်ညီလှစွာ.. “ငါသေမယ့်အချိန်တော့ ငါပိုင်တယ်”ဆိုတာမျိုးဖြစ်အောင် ကြိုးစားလိုက်ဦးမယ်.. ဒါပါပဲ..

ပြန်ရောက်ပြီ

တောင်ကြီးကနေ ဒီမနက်ပြန်ရောက်ပါတယ်..

ဓာတ်ပုံတွေ တင်မယ်ဆိုပြီး မတင်ဖြစ်သေးဘူး.. နောက်တော့ တင်မယ်.. ဘာစာမှ မရေးနိုင်ပါ.. ဒီတစ်ခါတောင်ကြီးမှာ ထင်သလောက်မပျော်ခဲ့.. ခုချက်ချင်း ပြန်တက်ချင်နေစိတ်ကိုလည်း ချိုးနှိမ်မရ..

အကြီးအကျယ် စိတ်ပူနေပါတယ်.. ရင်တွေကျပ်ပြီး အသက်ရှူမဝပါ..

(တချို့ဓာတ်ပုံတွေ ဒီမှာ တင်ထားပြီးပါပြီ)

စိမ်း

သောကြာနေ့ နေ့လည်ကားနဲ့ တောင်ကြီးတက်ဖြစ်မယ်.. တန်ဆောင်တိုင်ပွဲ.. LittleBrook, အိဖူး, မြတ်နိုး, မိလှိုင်, ကိုညီမင်းစံတို့ပါမယ်.. ၂၉ ရက်နေ့ပြန်လာခဲ့မယ်.. ခွင့်ရက်မရလို့ ပွဲပြီးတဲ့အထိ မနေနိုင်ဘူး..

အဲ့ဒါနဲ့ ခုပုံတွေနဲ့ ဘာဆိုင်လဲဆိုတော့.. .

ဘာမှတော့ မဟုတ်ဘူး.. ဘာမှလည်း မဆိုင်ဘူး..

DSCF0341

နောက်တစ်ပုံကြည့်ကြဦး..

Continue reading

ရယ်သံများ

လူတွေရဲ့ ရယ်သံကို စွဲလန်းစရာတစ်ခုလို့ ထင်မိပါသလား.. ကျွန်မအတွက်တော့ လူတွေ၏ ရယ်သံသည် စွဲလန်းစရာတစ်ခုဖြစ်ပါသည်.. ဟိုး ငယ်ငယ် မှတ်မိတတ်စအရွယ်ကတည်းက ရယ်သံများကိုကြားဖူးခဲ့သည်.. ပျော်ရွှင်စွာရယ်သံ.. စိတ်လှုပ်ရှားစွာရယ်သံ.. တစ်ခုခုကို ဖုံးကွယ်ချင်၍ ရယ်သောအသံ.. လှောင်ရယ်သံ.. ကလေးငယ်များ၏အပြစ်ကင်းသော ရယ်ခြင်းသက်သက်ကြောင့် ဖြစ်လာသောအသံ.. အမျိုးမျိုးကို ကျွန်မကြားဖူးသော်လည်း ရယ်သံများကို စွဲလန်းတတ်လာသည်ကတော့ ကျွန်မအသက် ၁၅ နှစ်လောက်မှာမှဖြစ်သည်..

Continue reading

ညစ်ကျိုး

မနေ့ညက တစ်ယောက်ထဲ The Hlls Have Eyes အခွေ ၂ ခွေပြန်ကြည့်ပစ်လိုက်တယ်.. အမှောင်မှာ တစ်ယောက်ထဲ ထိတ်ရွံ့နေရတဲ့ အရသာက စွဲလန်းစရာတော့ ကောင်းသားပဲ.. မမြင်ရတဲ့ သရဲ ဆိုတဲ့အရာထက်.. လူလူချင်း ဖြစ်ပျက်နေတဲ့ ရက်စက်မှုတွေက ပိုပြီးကြောက်ဖို့ကောင်းတယ်.. Burma VJ ကြည့်တုန်းက ရင်တွေတလှပ်လှပ်တုန်ပြီး မျက်ရည်ကျမတတ်ဖြစ်ခဲ့ရတာမျိုးလိုပဲ..

hills_have_eyes

ခုတလောလည်း စိတ်က ခပ်ထွေထွေနဲ့မို့ ဘာကားတွေကို ဘယ်လိုတွေ ကြည့်နေမှန်းကိုမသိဘူး.. ပိုဆိုးတာက..

ကမ္ဘာဖျက်မယ့်ကောင်

War of the World တို့.. ဘာတို့..

နောက်ပြီး ကိုရီးယားကား The Host တို့..

အဲ့ဒိ ဇာတ်ကားတွေထဲကလိုပဲ.. အကောင်သေးသေးလေးကနေ မဟုတ်မဟတ်ဓာတ်တွေ ဝင်နေပြီးတော့ အကောင်အကြီးကြီးဖြစ်လာ.. ကမ္ဘာမြေကြီးနဲ့ ကမ္ဘာသူ ကမ္ဘာသားတွေကို နှောင့်ယှက်ရန်ပြုမယ့် သတ္တဝါကြီးတစ်ကောင် နန်းညီ မွေးထားတယ်..

သတ္တဝါကြီး အရွယ်ကြီးလာလို့ ရန်ပြုတဲ့အခါ နန်းညီကပဲ ရင်နာနာနဲ့ ပြန်ပြီး တိုက်ခိုက်နှိမ်နှင်းမယ်.. အဲ့ချိန်မှာ ဟီးရိုးအဖြစ် ခပ်ချောချောကောင်လေးတစ်ယောက်က နန်းညီနဲ့အတူ သက်စွန့်ဆံဖျားပေါ့.. (ဘယ်လိုကောင်လေးမျိုးလဲဆိုတော့ ဒီကောင်လေး လိုမျိုး).. နောက်ဆုံး သတ္တဝါကြီးလည်း သေရော.. အတူတကွ သက်စွန့်ဆံဖျား ရင်းနှီးထားကြတဲ့ နန်းညီနဲ့ သူလည်း ဒန်တန့်တန်..

သတ္တဝါကြီးကို မြင်ဖူးချင်ကြရင် Read the Rest Entry ပေါ့နော်..  ခုတော့ ငယ်သေးတယ်.. သူ ကြီးလာမှ ဘယ်လိုပုံဖြစ်မလဲတော့ စောင့်ကြည့်ကြတာပေါ့နော်..

Continue reading

သူနဲ့တွေ့တဲ့ညနေ

လမ်းထဲကို ချိုးကွေ့လိုက်သည်နှင့် တပြိုင်နက် လမ်းထိပ်မှာ သူ့ကိုမြင်လိုက်ရတော့ သော် တော်တော်လေးအံ့သြသွားသည်.. ဟုတ်မှ ဟုတ်ရဲ့လားလို့ သေချာစူးစိုက်ကြည့်လိုက်ရ၏.. မီးတိုင်အောက်နားလေးမှာ ရပ်နေသော သူက ပြုံးပြလိုက်တော့မှ လုံးဝသေချာသွားတော့သည်.. ဆွေလင်း.. သော့်ရဲ့ လင်း.. ဘယ်တုန်းက ဘယ်လိုပြန်ရောက်နေတာလဲမသိ.. ပိုပြီးထူးဆန်းသည်က ဒီအချိန်ကြီး သော်တို့ လမ်းထိပ်မှာ ရောက်နေတာ.. အပြေးအလွှား အနားသွားလိုက်တော့ သူက လှမ်း၍ ဖက်လိုက်တော့မလို လက်ဆန့်တန်းကြိုဆိုနေ၏.. သူ့လက်များကို သော်ဆွဲယူဆုပ်ကိုင်ထားလိုက်ပါသည်..

“လင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”
“ဘယ်လိုရောက်နေလဲ ဆိုတော့ လာလို့ရောက်နေတာပေါ့ဗျာ”
“ဟာ မဟုတ်ဘူးလေ.. ပြန်လာမယ်ဆိုတဲ့အကြောင်းလည်း ပြောသံမကြားပဲနဲ့ ရုတ်တရက်ကြီး လမ်းထိပ်မှာ မြင်လိုက်တော့..” Continue reading

ပိုက်ဆံကောက်သူများ

နေ့စဉ်ဘတ်စ်ကားစီးနေတဲ့ ခရီးသွားပြည်သူတစ်ယောက်အနေနဲ့ပေါ့လေ.. သွားရင်းလာရင်း လမ်းမှာ မြင်သမျှကြုံသမျှလေးတွေကို အတင်းလေးတော့ အုပ်ချင်သဗျာ.. လူမသိ သူမသိ တိုးတိုးတိတ်တိတ်ပေါ့..

နည တို့ ငယ်ငယ်တုန်းကများဆို အလှူပွဲတွေ ရှင်ပြုတွေ ဘာညာမင်္ဂလာပွဲတွေဆို ငွေဖလားကြီးထဲမှာ စံပယ်ပန်းတွေ ပေါက်ပေါက်တွေနဲ့အတူတူ ပိုက်ဆံအသစ်ကလေးတွေကို ခေါက်ထည့်ထားတဲ့ဟာမျိုး ကြုံလိုက်ရသေးတယ်လေ.. လှတပတကြီးတွေ ပြင်ဆင်ထားတဲ့ အန်တီကြီးများက သို့မဟုတ် တိုက်ပုံကြီးတွေတကားကားနဲ့ ဦးလေးကြီးများက ဖလားကြီးထဲကနှိုက်ပြီးတော့များ ကြဲထည့်လိုက်ပြီဆိုရင် လာတဲ့လူတွေ ကလေးလူကြီး မရွေး ပိုက်ဆံကို အလုအယက်ကောက်ကြတာပဲနော့.. လူကြီးတွေကတော့ အိန်ဒရေလေးဘာလေးတွေ ဆည်ပြီး မသိမသာကောက်တာပေါ့လေ.. နညတို့ ကလေးများကတော့ ဘာရမလဲ.. ခုန်ပြီးလဲဖမ်း အပြေးအလွှားလည်းကောက်နဲ့ ပျော်စရာကြီးပဲ..

Continue reading

N for Naughty Nang Nyi

FaceBook ထဲမှာ ကိုအိပ်မက်ရှင် တဂ်ထားတဲ့ပို့စ်လေးပါ..

Rules:
It’s harder than it looks!
Copy to your own note, erase my answers, enter yours.
Use the first letter of your name to answer each of the following questions.
If the person before you had the same first initial, you must use different answers.
You cannot use any word twice and you can’t use your name for the boy/girl name
question.

1. What is your name : NangNyi
2. A four Letter Word : Nard
3. A boy’s Name : Nanda (နန္ဒ)
4. A girl’s Name : Nwe (နွယ်)
5. An occupation : Net Artist
6. A color : Neutral
7. Something you’ll wear : Necklace
8. A food : Noodle
9. Something found in the bathroom : Nail Clipper
10. A place : Niagara
11. A reason for being late : Napping
12. Something you’d shout : Nonsense !!!
13. A movie title : Nightmare before Christmas
14. Something you drink : Nescafe
15. A musical group : Nirvana
16. An animal : Nightingale
17. A street name : Nar Nat Taw Street (နာနတ်တောလမ်း)
18. A type of car : Nimbus
19. The title of a song : Nway Oo Pon Pyin (နွေဦးပုံပြင်)
20. A verb : Native