နေ့စဉ်ဘတ်စ်ကားစီးနေတဲ့ ခရီးသွားပြည်သူတစ်ယောက်အနေနဲ့ပေါ့လေ.. သွားရင်းလာရင်း လမ်းမှာ မြင်သမျှကြုံသမျှလေးတွေကို အတင်းလေးတော့ အုပ်ချင်သဗျာ.. လူမသိ သူမသိ တိုးတိုးတိတ်တိတ်ပေါ့..
နည တို့ ငယ်ငယ်တုန်းကများဆို အလှူပွဲတွေ ရှင်ပြုတွေ ဘာညာမင်္ဂလာပွဲတွေဆို ငွေဖလားကြီးထဲမှာ စံပယ်ပန်းတွေ ပေါက်ပေါက်တွေနဲ့အတူတူ ပိုက်ဆံအသစ်ကလေးတွေကို ခေါက်ထည့်ထားတဲ့ဟာမျိုး ကြုံလိုက်ရသေးတယ်လေ.. လှတပတကြီးတွေ ပြင်ဆင်ထားတဲ့ အန်တီကြီးများက သို့မဟုတ် တိုက်ပုံကြီးတွေတကားကားနဲ့ ဦးလေးကြီးများက ဖလားကြီးထဲကနှိုက်ပြီးတော့များ ကြဲထည့်လိုက်ပြီဆိုရင် လာတဲ့လူတွေ ကလေးလူကြီး မရွေး ပိုက်ဆံကို အလုအယက်ကောက်ကြတာပဲနော့.. လူကြီးတွေကတော့ အိန်ဒရေလေးဘာလေးတွေ ဆည်ပြီး မသိမသာကောက်တာပေါ့လေ.. နညတို့ ကလေးများကတော့ ဘာရမလဲ.. ခုန်ပြီးလဲဖမ်း အပြေးအလွှားလည်းကောက်နဲ့ ပျော်စရာကြီးပဲ..
နည်းနည်းလေးကြီးလာတော့ကျတော့ ပိုက်ဆံကောက်ဖို့တွေဘာတွေက ရှက်လာသလိုလိုပဲ.. အလှူတွေ ဘုရားတွေမှာ ကလေးတွေနဲ့ တိုးခွေ့လုယက်ကောက်ဖို့ မပြောနဲ့.. တစ်ယောက်ထဲ လမ်းလျှောက်နေရင်း ပိုက်ဆံကျနေတာတွေ့ရင်တောင် ပြေးကောက်လိုက်ဖို့က အရင်လို ပေါ့ပါးသွက်လက်မနေတာတော့ အမှန်ပဲ.. ငါကောက်လိုက်ရင် ဘယ်သူက ကြည့်နေမှာလဲ.. ငါကောက်ကာမှ ပိုင်ရှင်ရောက်လာပြီး ပြန်တောင်းရင် ရှက်စရာကြီးနော.. ကောက်လိုက်ပြီးကာမှ သုံးမရတဲ့ ပိုက်ဆံစုတ်ကြီးဖြစ်နေရင် ဒုက္ခပဲနော.. စသဖြင့်ပေါ့လေ.. တောင်တွေးမြောက်တွေးတွေက အများကြီးပဲမဟုတ်လား..
ဒါပေမယ့် အခု ရန်ကုန်မှာ တချို့တချို့များရဲ့ ပိုက်ဆံကောက်နည်းလေးကတော့ ဟန်မပျက် ရှိုးမပျက် မသိမသာလေးပဲဗျာ.. ကားတွေဖြတ်သန်းသွားလာနေတဲ့ လမ်းဆုံခွတွေမှာလေ.. တိုက်ပုလေးတွေ ရှိတတ်တယ်မဟုတ်လား.. အရောင် ၃ ရောင်ခြယ်ထားတဲ့ အမိုးလေးနဲ့.. ဘေးပတ်လည်က တရုတ်ကပ်မှန်တွေ ကားထားတာလေ.. အဲ့ထဲမှာနေတဲ့လူတွေက ဘဲဥပုံဦးထုပ်ကို ဆောင်းတာ.. မြင်ဖူးကြရဲ့မဟုတ်လားဗျာ.. ဆိုကြပါစို့.. နည စီးလာတဲ့ ဘတ်စ်ကားကြီးက အဲ့လမ်းဆုံနားကိုရောက်လာပါရော.. မီးပွိုင့်မိတော့ ကားကရပ်သွား.. ကားပေါ်က စပယ်ရာလေးခမျာ သုတ်ကနဲ ပြေးဆင်းသွား.. အဲ့ ဘဲဥဦးဦးများရဲ့ ဆေးလိပ်ခွက်ကလေးထဲကို အလိပ်ကလေးတစ်လိပ်ထည့်.. သုတ်ကနဲ ပြန်ပြေးတက်လာ.. သူတောင် ကားပေါ်အချိုးကျကျမရောက်ရသေးပါဘူး.. မီးပွိုင့်လေးလည်း စိမ်းရောပဲပေါ့..
ဆိုကြပါစို့ နောက်တနည်း.. နည စီးလာတဲ့ ဘတ်စ်ကားကြီးက နောက်မှာ သူနဲ့လမ်းကြောင်းတူကားတစ်စီးပါလာသောကြောင့် အတင်း ရှေ့ကနေ ဝူးကနဲ ဗြဲကနဲ ဇွတ်မောင်းလာတယ်ပေါ့.. အဲ့မှာ ခပ်လှမ်းလှမ်းမှာ မြင်နေရတာက မီးပွိုင့်.. မီးပွိုင့်သာမိနေရင် နောက်ကားနဲ့ ကပ်သွားတော့မယ်.. ကိုယ်ကလွတ်ပြီး သူက မီးပွိုင့်မှာ ကျန်ခဲ့မှဖြစ်မယ်.. ဒီတော့ ခပ်လှမ်းလှမ်း မြင်သာတဲ့နေရာလောက်ကတည်းက လက်တစ်ဖက်ကို ဆန့်တန်းထုတ်ပြထားရင် မီးပွိုင့်လေးက စိမ်းမြဲစိမ်းတယ်ဗျား.. ကိုယ့်ကားဖြတ်ပြီးမှ တိန်ကနဲ နီသွားတော့တာ.. အဲ့ကျရင် ခုနက ထုတ်ထားတဲ့လက်တဖက်ကနေ ဘဲဥအိမ်လေးနားကို စက္ကူလေးလုံးချေပြီး ပစ်ချပေးခဲ့.. လက်ကလေးပြပြီး ရယ်ပြလိုက်.. ဟော.. မအိုကေဘူးလား..
အဲ.. အခု ပြောသွားတဲ့ အလိပ်ကလေးတို့ စက္ကူလုံးလေးတို့ဆိုတာ.. တခြားတော့မဟုတ်ဘူးလေ.. ၂၀၀ တန်ကလေးတွေကိုပြောတာပေါ့.. စပယ်ရာ တော်တော်များများက အလိပ်ပြေးထည့်ရတာထက် အလုံးလေးပစ်ချရတာကို သဘောကျကြတာ.. သူတို့ပစ်ချတဲ့ပိုက်ဆံကို ကောက်လိုက်တာမျိုးကို သူတို့က ကားပေါ်ကနေ အရသာခံပြီးကြည့်ချင်ကြတာမျိုးလေ.. အဲ့ဒိ သဘော အဲ့ဒိအထာကို နပ်လာတဲ့ ဘဲဥဦးဦးများကလည်း နောက်တော့ နည်းစနစ် တမျိုးပြောင်းလဲ ကျင့်သုံးသဗျ.. ဘဲဥအိမ်လေးနားမှာ မဲမဲညစ်ညစ် ပိန်ပိန်ညှောင်ညှောင်ကောင်ကလေးများကို တွေ့ရတော့တာပဲ.. ပစ်ပဲချချ.. အနားပဲ ကပ်ပေးပေး.. ဘဲဥဦးဦးများနဲ့ လားလားမျှ မသက်ဆိုင်.. အဲ့ဒိကောင်ကလေးများကိုပေးတာ.. အဲ့ဒိကောင်ကလေးများနဲ့သာ သက်ဆိုင်ပါသည်.. ဘဲဥဦးဦးများ ဘာမျှမသိပါပေါ့လေ.. ပိုင်တယ်နော်..
အဲ့ဒါနဲ့ ဟိုနေ့ကတော့ လမ်းမှာ ကထိန်ပွဲအတွက် လူငယ်လေးတွေ အင်္ကျီအဖြူ ပုဆိုးအဖြူတူညီလေးတွေဝတ်ပြီး ဒန်ဖလားများနဲ့ ဘတ်စ်ကားတွေ ဆီကနေ အလှူငွေတွေကောက်နေတာတွေ့တယ်.. အော်လံကြီးလည်း အော်လို့.. သူတို့ကလည်း ပျော်ပျော်ပါးပါးကြီး ကားတွေနား သွားလိုက်လာလိုက်နဲ့ အလှူခံနေတာပေါ့လေ.. လက်ကလည်း ဖလားကို ဂလုံးဂလုံးနဲ့ အသံမြည်အောင်လှုပ်.. ပါးစပ်ကလည်း မနားမနေ အော်နေပြီး ကားပေါ်ကနေ ထွက်လာတဲ့လက်ကလေးတွေကိုလည်း မျက်စိကကြည့်နေရသေးနဲ့ ပင်ပန်းနေကြတာ ကြည့်ပြီး သာဓုခေါ်မိပါရဲ့.. ဒါပေမယ့် အားမလိုအားမရနဲ့ တွေးမိတာကတော့ဗျာ.. ဒီကလေးတွေနှယ်.. မီးပွိုင့်နားလေးသွားစောင့်အလှူခံကြရောပေါ့.. ဒါမှ ကားပေါ်ကကျလာသမျှ ပိုက်ဆံတွေကို ဘဲဥဦးဦးများနားက ပိန်ညှောင်ညှောင်ကောင်လေးနဲ့ အတင်းတိုးဝှေ့ပြီး ကောက်လို့ရကြမှာ.. ငယ်ငယ်က အလှူတွေမှာ ပိုက်ဆံကျဲရင် လုကြသလိုပေါ့.. ပျော်စရာတောင် ကောင်းကောင်းသေးတော့..
တို့ ၁ !!!
(ဘာလဲတော့မသိ.. ကိုယ့်ကောမန့်ကိုယ်စမ်းတာဆိုတော့.. ဘာရေးရမှန်းမသိလို့ သူများတွေလုပ်သလို လိုက်လုပ်ကြည့်တာ)
အဲဒါ အေးဂျင့်တွေလေ။ လုပ်ပါလားအေးဂျင့်။ ကော်မရှင်က တော်တော်ခိုင်သတဲ့။
ဟယ်ဂလိုလား သူတို့ နည်းလမ်းအသစ်က ပိုင်ထှာ
ငါကတော့ ၂၀၀တန်တွေ ကြေမွကုန်တာ သူတို့ကြောင့်လည်း ပါတယ်လို့ပဲ တွေးမိတယ်…
အပြစ်တော့ မမြင်စေချင်ဘူး။ ဒါလည်း Social recycle တစ်ခုပဲလေ။ အားလုံး အကျိုးရှိတဲ့ ကိစ္စလေးတစ်ခုပဲ မဟုတ်လား။
စကားကိုကြည့်ပြေမှပေါ့အေ နညရဲ့
နိုင်ငံတော်ရဲ့ ကြီးမာမွန်မြတ်တဲ့စေတနာ ကိုနားလည်စမ်းဘာ
(အံမလေးလေး ပြောရတာ လျှာယားတာအေ မေသူ သတင်းဘယ်လိုကြေညာလဲတော့မသိ တော်ပါ့)
ခုလိုမျိုး လူထုအတွက်နေပူမရှောင် မိုးရွာမရှောင် ရသလောက်တွက်ချေကိုက်ဖို့ အဲအဲ ဘာတွေပြောနေမိပါလိမ့်
ယာဉ်စ်းကမ်း လမ်းစည်းကမ်း ကိုပြည်သူတွေ နားလည်လာအောင်
ပြည်သူလူထု အန္တာရယ်ကင်းဘေးရှင်းစွာ သွားလာနိုင်အောင်
ကိုယ်ကျိုးမဘက် တာဝန်ထမ်းဆောင်နေတာ ကိုမှမထောက် ပြောရက်လိုက်တာ
နောက်ဆိုရင် ခြင်္သေ့အကောင်ငယ်ငယ်လေးတွေ လက်မခံတော့ဘဲ
ဆင်အကောင်ကြီးကြီးပဲ လက်ခံတော့မယ် ဆိုမှ
၁) နည နေ့စဉ်ရုံးတက် ရုံးဆင်း စီးနေရတဲ့ ဘတ်စ် ကားခတွေဈေးတက်မယ်
၂) နည မေမေနေ့စဉ် ဈေးသွားဝယ်နေရတဲ့ ဟင်းစားတွေ သူတောင်းစားတွေဈေးကောက် “တက်” လို့ အဲလေ ပြောမိပြန်ပြီ အင်း ဥယ်ယူပို့ဆောင်ရေးစရိတ်တက်လို့ ဈေးတွေတက်မယ်
၃) နည ဘောစ်စ် ဦးဦး မီးနီမိတဲ့အထဲမှာပါနိုင်လို့ ရုံးကိုဒေါသနဲ့လာမယ်
၎) နောက်ဆက်တွဲအနေနဲ့ နည အဆူခံရနိုင်တယ်လေနော့
အဲ့တာကြောင့်စိတ်လျှော့ပါ နညရယ်
ဟူး……………………………………………(စိတ်လျှော့လိုက်သံ)
တီခုန က မန့်ထ် ထားတာ အရှည်ကြီး ဒီေ-ာက် အင်တာနက်ေ-ာက် ပေ့ဂ်ျ အသစ်ကြောင့်ပျက်သွားတာ ပြန်မန့်ထားတာနော် စိတ်ရှည်ရှည်ပဲထားတယ်
အမှန်တော့ မမက အဲကလေးတွေကို အားကျနေတာဟုတ်..
ကြာ..ကြာလှပေါ့ကွယ်…. ဒါလည်းတကယ်တော့ အပြစ်တော့ မဟုတ်ဘူးပေါ့… ရတဲ့လခနဲ့မှ မလောက်ငတော့ ဒီလောက်တော့ ရှိမှာပေါ့လေ… ဒီထက်အခြေအနေဆိုးလာပြီး လာသမျှကားဆီက ပိုက်ဆံတောင်းရင်တော့…………… ဟုတ်ကဲ့….. ဘဲဥတွေခမျာ ငိုစား၊ ရီစားအဆင့်တောင် မဟုတ်တော့ပါဘူး ဓါးမြခေါ်မလား၊ သူတောင်းစား အကြီးစားလို့ပဲ ခေါ်ရမလားတောင် မပြောတတ်တော့ပါဘူးဗျာ….။
ကြည့် သူများစီးပွားရေးကို တုတ်နဲ့ထိုးပြီ တော်တော်ဆိုးတဲ့ နန်းညီ…